#PNkidsMyanmar #foodrecipeforkids #eyes #broccoli
ကလေးငယ်လေးများလိုအပ်သော မျက်စိအားကောင်းစေသော ဗီတာမင်အေပါဝင်သော ပန်းဂေါ်ဖီစိမ်း၏စားချင်စဖွယ် ပြင်ဆင်နည်းလေးကို မေမေများအတွက်ဖော်ပြပေးလိုက်ပါသည်
ပါဝင်ပစ္စည်းများ
-ပန်းကန်လုံး၂ခွက်စာ ခြွေထားသော ဂေါ်ဖီပန်းပွင့်အစိမ်း
-ကြက်ဥ တစ်လုံး
-နုတ်နုတ်စင်းထားသောကြက်သွန်နီ ၁လုံး
-ပန်းကန်လုံးလေးပုံတစ်ပုံခန့် cheddar cheese ချိစ့်
-ပန်းကန်လုံး၃ပုံ၁ပုံခန့် ခြေထားသော ပေါင်မုန့်စ အနည်းငယ်
-ပန်းကန်လုံး၃ပုံ၁ပုံခန့် ခြေထားသော ပေါင်မုန့်ကြွတ် အနည်းငယ်
-နံနံပင် အနည်းငယ်
-စားပွဲတင်ဆား ဇွန်းတစ်ဝက်ခန့်
-ငရုတ်ကောင်း ဇွန်းတစ်ဝက်ခန့်
-သံလွင်ဆီ အနည်းငယ်
ပြုလုပ်ပုံ အဆင့်ဆင့်
-ပွက်ပွက်ဆူနေသော ရေနွေးထဲသို့ပန်းပွင့်စိမ်း ကို ထည့်ပြုတ်ပါ
-ရေအေးနဲ့ပြန်ဆေးပါ
-ပန်းပွင့်အစိမ်း ကိုကြိတ်ခြေ၍ ခေါက်ထားသောကြက်ဥ|ကြက်သွန်နီ|ချိစ့်နှင့် ခြေထားသောပေါင်မုန့်များ |ဆား|ငရုတ်ကောင်းတို့ကို
ရောသမအောင်မွှေပါ
-ရေခဲမုန့်ကဲ့သို ပစ်သွားတဲ့အထိ ရောနယ်ပါ
-သင့်တော်တဲ့ အတုံးလေးတွေ ဖြစ်အောင် ပုံဖော်ပါ
-ဆီသုတ်ပြီး oven ထဲ ထည့်ပါ(သို့မဟုတ်)
သံလွင်ဆီသုံးပြီး ဒယ်အိုးထဲ ထည့်ကြော်ပါ
-ကလေးငယ်လေးများ စားချင်စဖွယ် ပန်းပွင့်ကြော်လေးအဖြစ် သုံးဆောင်နိုင်ပါပြီ
ဂေါ်ဖီပန်းပွင့်အစိမ်းမှ ဗီတာမင်အေများ ကြွယ်ဝစွာပါရှိ၍ အမြင်အာရုံကောင်းမွန်ခြင်း မှတ်ညဏ်စွမ်းရည်တိုးတက်ခြင်း များကို ဖြစ်ပေါ်စေပါသည်
#မိခင်နှင့်ကလေးကျန်းမာပျော်ရွှင်သောဘဝအတွက် PNkidsMyanmar page ကို like and share ပြုလုပ်ထားနိုင်ပါသည်။