အသီးအရွက်ကို ဆန်းလည်းဆန်း စားလည်းကောင်းအောင် အသီးအရွက်ကင်းလေး လုပ်စားမယ်

#PNkidsMyanmar #foodrecipeforkids #vegetable_grill

 

ကလေးတွေကို အသီးအရွက်ကျွေးရခြင်းက မိခင်တိုင်းအတွက် အရမ်းခက်ခဲသော အရာတစ်ခုဖြစ်ပါသည်

ထျိုကြာင့် သားသားမီးမီးလေးများ အသီးအရွက်စားချင်စိတ်ဖြစ်ပေါ်အောင် အသီးအရွက်ကင်လေးကိုဖော်ပြပေးလိုက်ပါသည်

 

ပါဝင်ပစ္စည်းများ(၄ယောက်စာ)

 

-အသားပြား   ၂ချပ်(ကြက်/ဝက်)

-ပြောင်းဖူး      ၁ဖူး

-အနေတော်လှီး အနီရောင်ငရုတ်ပွ ၁ခု

-ထက်ခြမ်းခြမ်း၍လှီးထားသောသခွားသီး ၁လုံး

-လေးစိတ်ခြမ်းထားသော ကြက်သွန်နီ ၁လုံး

-ငရုတ်ကောင်းမဲ အနည်းငယ်

-ဆား အနည်းငယ်

-ကြာညို့ လက်ဖက်ရည်ဇွန်းတစ်ဇွန်း

-ခဲပတ်ပြား တစ်ချပ်

-ထောပတ် လက်ဖက်ရည်ဇွန်း ၃ဇွန်းခန့်

 

 

ပြုလုပ်ပုံအဆင့်ဆင့်

 

-အသားပြားကို ကျွတ်ကျွတ်လေး ဖြစ်စေရန် ဒယ်အိုးပေါ်တွင် အပူပေးပါ

-အသားပြား အပူပေးနေစဉ် ပြောင်းဖူးများကိုခြစ်ပါ

-ပန်းကန်းလုံးထဲတွင် ပြောင်းဖူး|လှီးချွတ်ထားသော သခွားသီး|ငရုတ်ပွအနီ|ကြက်သွန်နီ|ဆား အနည်းငယ်|ကြာညို့တို့ကို ထည့်၍ရောမွှေပါ

-လတ်ဆတ်သော ငရုတ်ကောင်း အမဲကို သင့်တော်သလို ထည့်ပါ

-ခဲပတ်ပြားပေါ် ထောပတ် အနည်းငယ်သုတ်ပါ

-ကျန်ထောပတ်အနည်းငယ်ကို အသီးအရွက်တွေထဲရောမွှေပါ

-ခဲပတ်ထဲသို့ အသားပြားနှင့် အရသာထည့်ထားသော အသီးအရွက်များ ထည့်ပြီး လုံအောင် ပိတ်ပါ

-မီးသွေးမီးပြင်းပြင်းဖြင့် မိနစ် ၂၀ ခန့် ကင်ပေးပါ

-ကင်ပြီးပါ လက်ဖြင့် သတိထားကိုင်ပါရန်

-ထိုနောက် အရသာရှိလှသော ကျန်းမာရေးနဲ့ညီညွတ်သောအသီးအရွက်ကင်လေးရရှိနိုင်ပါပြီ

 

#မိခင်နှင့်ကလေးကျန်းမာပျော်ရွှင်သောဘဝအတွက် PNkidsMyanmar page ကို like and share ပြုလုပ်ထားနိုင်ပါသည်။