ကလေးငယ်တို့အတွက် အာဟာရများစွာရရှိစေမယ့် ငါးအသားချောင်းကြော်

#PNkidsMyanmar#foodrecipeforkids

 

မင်္ဂလာရှိသောနှစ်သစ်မှာ PNkidsမိတ်ဆွေ မိခင်များအတွက် သားငယ်သမီးငယ်များအာဟာရဖြစ်စေသော လုပ်ရလွယ်ကူသော အစားအစာလေးဖြစ်တဲ့ ငါးအသားချောင်းကြော်အကြောင်းဖော်ပြပေးမှာဖြစ်ပါတယ် ။

 

ငါးအသားချောင်းကြော်တွင်ပါဝင်သော အာဟာရဓာတ်များ

-ခန္ဓာကိုယ်ကြီးထွားစေသောပရိုတင်းဓာတ်(proteins)

-အမြင်အာရုံနဲ့မှတ်ညဏ်တိုးပွားစေသောငါးတွင်ပါဝင်သော အိုမီဂါ-3(Omega-3)တို့ပါဝင်ပါသည်။

 

ငါးအသားချောင်းကြော်ပြုလုပ်ရန်လိုအပ်သောပစ္စည်းများ

-ငါးကြင်း သို့ ငါးတန် အသားချည်း ၁၅ကျပ်သားခန့်

-ဆားအနည်းငယ်

-ဆနွင်းအနည်းငယ်

-ကော်မှုန့် ဟင်းခပ်ဇွန်း ၆ဇွန်း

-ကြက်ဥ ၂လုံး

-အကြော်မှုန့်

-သံလွင်ဆီ

 

ငါးအသားချောင်းကြော်ပြုလုပ်ပုံအဆင့်ဆင့်

-ငါးများကို အသားချည်းနွှာ၍ အချောင်းလေးများတုံးပါ

-တုံးပြီးငါးချောင်းလေးများကို ဆား ဆနွင်းနယ်ပါ

-ကော်မှုန့်ဖြင့်ကပ်ပါ

-ခေါက်ထားသော ကြက်ဥထဲ ခဏစိမ်ပါ

 

-အကြော်မှုန့်ကပ်ပါ

-ဒယ်အိုးသုံးပြီး သံလွင်ဆီဖြင့် ဆီပူပူမှာကြော်နိုင်သလို

-သံလွင်ဆီသုတ်ပြီး oven ထဲတွင် အပူချိန်အနေတော်ဖြင့် မိနစ်၂၀ခန့်ထား၍ သုံးဆောင်ပါပြီ

 

PNkids မိတ်ဆွေများ မိမိ၏ရင်သွေးများ ငါးမစားခြင်းဒုက္ခမှ လွတ်ကင်းသွားမှာ အသေအချာပါ