#PNkidsMyanmar #foodrecipeforkids #vegetable_pancakes
အသီးအရွက်မစားချင်တဲ့သားသားမီးမီးတွေ အတွက် မေမေတို့ စိတ်မညစ်ရအောင် အသီးအရွက်တွေနဲ့ပြုလုပ်ထားတဲ့ ပန်ကိတ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ပါဝင်ပစ္စည်းများ
-ဂျုံမှုန့် လက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်ခန့်
-မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဝက်
-ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
-ငရုတ်ကောင်း လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ
-ကြက်ဥ တစ်လုံး
-နို့ လက်ဖက်ရည်ပန်းကန်လုံးလေးပုံတစ်ပုံ
-ခြစ်ထားသောမုန့်လာဥနီ တစ်လုံး
-ခြစ်ထားသောဂေါ်ရခါးသီး တစ်စိတ်
-ပါးပါးလှီးထားသောကြက်သွန်နီနှစ်လုံး
-မပြည့်ဝဆီ/သံလွင်ဆီ/နေကြာဆီ စားပွဲတင်ဇွန်း၂ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
-ဂျုံမှုန့်|မုန့်ဖုတ်ဆိုဒါ|ဆား နှင့်ငရုတ်ကောင်းမှုန့်တို့ကို ပန်းကန်လုံးထဲတွင် ထည့်၍ ရောမွှေပါ
-တခြားပန်းကန်လုံးထဲတွင် ကြက်ဥ|နို့|ခြစ်ထားသော မုန်လာဥ|ဂေါ်ရခါးသီးနှင့်ကြက်သွန်နီတို့ကို ခေါက်ပါ
-ပန်းကန်လုံးနှစ်ခုထဲရှိအရာများအားရောမွှေပါ
-အပူချိန်အနေတော်လောက်ဖြင့်ထား၍ဒယ်အိုးပေါ်တွင် ဆီတစ်ဇွန်းခန့်ထည့်ပါ
-စားပွဲတင်ဇွန်းဖြင့် ရောထားသည်များကို ဖြေးဖြေးချင်းလောင်းထည့်ပါ
-နှစ်မိနစ်ခန့် ရွှေညိုရောင်သန်းလာသည့်အထိ ဟိုဘက် ဒီဘက် လှည့်ပေးပါ
-လိုအပ်ပါ ဆီအနည်းငယ်စမ်းပေးပါ
-အိုးမှချ၍ အရသာရှိလှသော ပန်ကိတ်ကိုသုံးဆောင်နိုင်ပါပြီ
ဘေးအန္တာရယ်ဖြစ်စေသော သရေစာမုန့်များစားမိမှာ စိတ်ပူရခြင်း ဒုက္ခမှ ကင်းဝေးနိုင်ပါပြီ
#မိခင်နှင့်ကလေးကျန်းမာပျော်ရွှင်သောဘဝအတွက် PNkidsMyanmar page ကို like and share ပြုလုပ်ထားနိုင်ပါသည်။