#PNkidsMyanmar #foodrecipeforkids
အလုပ်ရှုပ်လွန်းလှတဲ့ မနက်ခင်းမှာ ကလေးငယ်များအတွက် အာဟာရပြည့်ဝပြီး စားချင်စဖွယ်ဖြစ်တဲ့ မနက်စာပြင်ဆင်ရခြင်းဟာ မိခင်တိုင်းအတွက်ခေါင်းရှုပ်စရာတစ်ခုပါ
#PNKidsMyanmarကမိခင်တွေအတွက်လွယ်ကူအဆင်ပြေလှတဲ့မနက်စာလေးပြင်ဆင်ပေးလို့လာပါပြီ
ပါဝင်ပစ္စည်းများ
မုန်လာဥနီ -တစ်လုံး(အရွယ်တော်)
အာလူး -နှစ်လုံး(အရွယ်တော်)
ကြက်ဥ -၃လုံး
ကြက်သားပြား-၂ပြားခန့်
ဆား- အနည်းငယ်
သံလွင်ဆီ -ဟင်းခပ်ဇွန်းတစ်ဇွန်းခန့်
ပြုလုပ်ပုံအဆင့်ဆင့်
-မုန့်လာဥနီ အာလူးတို့ကို ရေစင်အောင်ဆေး၍ ၂မိနစ်ခန့်ပြုတ်ပါ
-ကြက်ဥကို ဆားထည့်၍ ခလောက်ထားပါ
-ပြုတ်ထားသော မုန့်လာဥနီ အာလူးတို့ကို အခွံသင်၍ အတုံးလေးများတုံးပါ (ပြုတ်ပြီးမှခွာတာ အရမ်းလွယ်ကူမှန်း အိမ်ရှင်မတိုင်း သိပြီးသားပါ)
-ကြက်သားပြားလေးကို အတုံးလေးတွေ ညှပ်ပါ
-ခလောက်ထားတဲ့ ကြက်ဥထဲသို့ အာလူး မုန့်လာဥ ကြက်သားပြားများ ထည့်ပါ
-microwave ရှိပါက 5မိနစ်ခန့် ထည့်ဖုတ်ပေးပါ(ထည့်ဖုတ်မဲ့ပန်းကန်ထဲ ဆီအနည်းငယ်သုတ်ပေးပါ)
-ပေါင်းအိုးဖြင့်ပေါင်းခြင်း
-ဒယ်အိုးဖြင့် ဆီသုတ်၍ကြော်ခြင်း
ဘယ်နည်းလမ်းမဆို ပြုလုပ်နိုင်ပါတယ်
#မိခင်များအလုပ်ရှုပ်သက်သာသလိုကလေးများအတွက်အာဟာရပြည့်ဝတဲ့မနက်စာရရှိနိုင်ပါပြီ
#မိခင်နှင့်ကလေးကျန်းမာပျော်ရွှင်သောဘဝအတွက်PNkidsMyanmarpageကိုlikeandshareပြုလုပ်ထားနိုင်ပါသည်။