မြန်မြန်ဆန်ဆန်ပြုလုပ်နိုင်ပြီး ကလေးငယ်များလာ်းအကြိုက်ဖြစ်စေမယ့် အစာပြေမုန့်လေး

#PNkidsMyanmar #foodrecipeforkids

 

မင်္ဂလာရှိသောနှစ်သစ်မှာ PNkidsမိတ်ဆွေ အလုပ်ရှုပ်သောမိခင်များအတွက် သားငယ်သမီးငယ်များအာဟာရဖြစ်စေသော မြန်မြန်ဆန်ဆန်ပြုလုပ်နိုင်မည့် အစာပြေမုန့်လေးအကြောင်း ဖော်ပြပေးမှာပါ

 

ပါဝင်ပစ္စည်းများ

-ဝက်ဆားနယ်ခြောက် (bacon or chicken) -အနည်းငယ်

-အသင့်ပြုလုပ်ထားသော ဂျုံပြား -၁ရွက်

-ကြက်ဥ -နှစ်လုံး(မုန့်တစ်ချပ်အတွက်)

-ချိစ့်ပြား -၁ပြားခန့်

-ပါးပါးလှီးထားသော နံနံပင်-အနည်းငယ်

-ဆား|ငရုတ်ကောင်း-အနည်းငယ်

 

ပြုလုပ်ပုံအဆင့်ဆင့်

 

-ovenကို 220 degree Celsius ဖြင့် အရင်အပူပေးထားပါ

-စတုရန်းပုံ ဂျုံပြားလေးအား မုန့်ဖုတ်လင်ပန်းပေါ်တွင် တင်ပါ

-ဂျုံပြားလေး၏အစွန်းအနားသက် 2cm လောက်ကို ခေါက်ထားပါ

-ဂျုံပြား၏အလယ်တွင် ကြက်ဥ နှစ်လုံးဖောက်ထည့်ပါ

-Bacon or chicken နှစ်ခုအား ကန့်လန့်ဖြတ်ပုံစံ အတိုင်း ဂျုံပြားပေါ်တင်ပါ

-ချိစ့် ထည့်ချင်ပါက အပေါ်မှ အနည်းငယ် ထည့်ပါ

-ဆား ငရုတ်ကောင်း ဖြူးပါ

-oven ထဲတွင် ၁၀ မိနစ်ခန့် (သို့) Puff အလွှာလေးများဖြစ်သည့် အထိထားပါ

-ထိုနောက် ကလေးငယ်များအတွက် အရသာရှိလှသော အဟာရဖြစ်လှသည် အဆာပြေ မုန့်လေးကို သုံးဆောင်နိုင်ပါပြီ

 

ဘေးအန္တာရယ်ဖြစ်စေသော သရေစာမုန့်များစားမိမှာ စိတ်ပူရခြင်း ဒုက္ခမှ ကင်းဝေးနိုင်ပါပြီ

 

#မိခင်နှင့်ကလေးကျန်းမာပျော်ရွှင်သောဘဝအတွက်PNkidsMyanmar page ကို like & shareပြုလုပ်ထားနိုင်ပါသည်။