ထူးခြားပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကြက်သားပန်းသီးစပျစ်ခြောက်သုပ်

#PNkidsMyanmar#foodrecipeforkids

ကလေးတွေကို အာဟာရှိတာလဲကျွေးချင်တယ် အလုပ်ရှုပ်မှာလဲကြောက်တဲ့မေမေတို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရရှိလှတဲ့ ကြက်သား ပန်းသီး စပျစ်ခြောက် အသုပ်လေးပါ

 

ပါဝင်ပစ္စည်းများ

-ကြက်သား အသားချည်း -၁၀ကျပ်သား ခန့်

-ပန်းသီး တစ်လုံး

-ဆလပ်ရွက် အနည်းငယ်

-စပျစ်ခြောက် အနည်းငယ်

-သကြားညို (brown sugar) အနည်းငယ်

-Italian dressing အနည်းငယ်

 

ပြုလုပ်ပုံအဆင့်ဆင့်

-ကြက်သားလေးတွေကို ပြုတ်ပြီး နွှင်ထားပါ

-ပန်းသီးလေးတွေကို သေးသေးစိတ်ထားပါ

-ပန်းကန်ခွက် ထဲသို့ ဆလပ်ရွက် ပန်သီးနှင့် ကြက်သား စပျစ်ခြောက်တွေကိုထည့်ပါ

-dressing နှင့် သကြားကိုရောမွှေပြီး အပေါ်မှလောင်းထည့်ပါ

-ညင်ညင်သာသာဖြင့် သမအောင်နယ်ပါ

-အရသာရှိသော salad ကို စားသုံးနိုင်ပါပြီ

 

ဘေးအန္တာရယ်ဖြစ်စေသော သရေစာမုန့်များစားမိမှာ စိတ်ပူရခြင်း ဒုက္ခမှ ကင်းဝေးနိုင်ပါပြီ

#မိခင်နှင့်ကလေးကျန်းမာပျော်ရွှင်သောဘဝအတွက်PNkidsMyanmar page ကိုlike and share ပြုလုပ်ထားနိုင်ပါသည်။